Code စမ်းလို့ရတဲ့ သင်ခန်းစာ ဖွင့်ရန်
ဒီစာမျက်နှာမှာ
Web App တစ်ခု အလုပ်လုပ်ပုံ
Web App တစ်ခုမှာ စာမျက်နှာဖွင့်တာ၊ အချက်အလက်တောင်းတာနဲ့ ဖိုင်တင်တာတို့အတွက် မတူတဲ့ ဝန်ဆောင်မှုတွေကို သုံးပါတယ်။ ပုံထဲမှာ Browser ကနေ Web Server နဲ့ Backend API ဆီ request တွေ ဘယ်လိုရောက်သွားလဲဆိုတာ ပြထားပါတယ်။
ပုံဖိုင် ဒေါင်းလုဒ်လုပ်ရန်
Web App ကို စဖွင့်တဲ့အခါ
Web App ကို ဖွင့်လိုက်ရင် Browser က Web Server ဆီ စာမျက်နှာတောင်းပါတယ်။ Web Server က HTML၊ CSS နဲ့ JavaScript ဖိုင်တွေ ပြန်ပို့ပေးပါတယ်။ Browser က HTML နဲ့ CSS ကိုသုံးပြီး စာမျက်နှာကို ပြပေးသလို ခလုတ်နှိပ်တာ၊ အချက်အလက်တောင်းတာတွေ လုပ်နိုင်ဖို့ JavaScript ကို run ပါတယ်။
အချက်အလက် တောင်းတဲ့အခါ
ကုန်ပစ္စည်းစာရင်းကို ဖွင့်ကြည့်တဲ့အခါ Browser ထဲမှာ run နေတဲ့ Frontend က Application Server ပေါ်က Backend ဆီ HTTPS နဲ့ API request ပို့ပါတယ်။ Backend က လိုအပ်တဲ့ အချက်အလက်ကို ရယူပြီး JSON နဲ့ ပြန်ပို့ပါတယ်။ Frontend က ပြန်ရလာတဲ့ အချက်အလက်ကို သုံးပြီး ကုန်ပစ္စည်းစာရင်းကို ပြပေးပါတယ်။
App မှာ Redis သုံးထားရင် Backend က ကုန်ပစ္စည်းစာရင်းကို Redis မှာ ယာယီသိမ်းထားလား အရင်စစ်နိုင်ပါတယ်။ ရှိရင် အဲဒီစာရင်းကို တန်းသုံးနိုင်ပါတယ်။ မရှိရင်တော့ PostgreSQL ဆီ SQL query ပို့ပြီး ရလာတဲ့စာရင်းကို Redis မှာ ခဏ သိမ်းထားနိုင်ပါတယ်။
ဖိုင်တင်တာနဲ့ ပြန်ယူတာ
ကုန်ပစ္စည်းပုံတစ်ပုံ တင်လိုက်ရင် Frontend က ပုံဖိုင်ကို Backend ဆီ ပို့ပါတယ်။ Backend က S3 API သုံးပြီး AWS S3 bucket ထဲမှာ အဲဒီဖိုင်ကို object တစ်ခုအနေနဲ့ သိမ်းပါတယ်။ Bucket ထဲက ဖိုင်ကို ပြန်ရှာဖို့ သုံးတဲ့ object key ကို PostgreSQL ထဲက ကုန်ပစ္စည်းမှတ်တမ်းနဲ့အတူ သိမ်းထားနိုင်ပါတယ်။
အဲဒီပုံကို download လုပ်တဲ့အခါ Backend က PostgreSQL ထဲက object key ကို ရှာပြီး S3 ထဲက ပုံဖိုင်ကို ပြန်ယူကာ Browser ဆီ ပို့ပေးနိုင်ပါတယ်။