HTML Document ဖွဲ့စည်းပုံ
HTML Living Standard
HTML document မှာ စာမျက်နှာအကြောင်း အချက်အလက်ထည့်တဲ့ head နဲ့ ဖတ်သူမြင်ရမယ့် content ထည့်တဲ့ body ပါပါတယ်။ ဖိုင်အပြည့်အစုံနဲ့ စကြည့်ပါမယ်။
Code စမ်းလို့ရတဲ့ သင်ခန်းစာ ဖွင့်ရန်
ဒီစာမျက်နှာမှာ
HTML Document အပြည့်အစုံ
ဒီနမူနာကို index.html နာမည်နဲ့ သိမ်းပါ။ Title ကို head ထဲမှာ ထည့်ပြီး စာပိုဒ်ကို body ထဲမှာ ရေးပါတယ်။
<!doctype html>
<html lang="en">
<head>
<meta charset="utf-8">
<title>Learning Center</title>
</head>
<body>
<p>Welcome to the Learning Center!</p>
</body>
</html>
စမ်းကြည့်ရင် ဘာဖြစ်မလဲ Preview မှာ နှုတ်ဆက်စာကို မြင်ရပါမယ်။ index.html ကို တိုက်ရိုက်ဖွင့်ရင် browser tab မှာ Learning Center လို့ ပေါ်ပါမယ်။ စာပိုဒ်ကို ပြောင်းပြီး ပြန် Run ကြည့်ပါ။
အပြင်ဆုံး Element <html>
<html> အထဲမှာ head နဲ့ body ပါပါတယ်။ စာမျက်နှာက English ဆို lang="en"၊ မြန်မာဆို lang="my" သတ်မှတ်ပါ။ အသံထွက်ကို ရွေးဖို့ screen reader တွေက ဒီတန်ဖိုးကို သုံးပါတယ်။
စာမျက်နှာ အချက်အလက် <head>
<head> မှာ စာမျက်နှာအကြောင်း အချက်အလက်တွေ ထည့်ပါတယ်။ ဖိုင်ကို UTF-8 နဲ့ သိမ်းပြီး head အစနားမှာ <meta charset="utf-8"> ရေးပါ။
Browser Tab မှာ ပေါ်မယ့် နာမည် <title>
Browser tab နဲ့ bookmark မှာ ပေါ်မယ့်နာမည်ကို head ထဲမှာ <title> နဲ့ ရေးပါ။ စာမျက်နှာပေါ်က အဓိကခေါင်းစဉ်ကို body ထဲမှာ <h1> နဲ့ ရေးပါတယ်။
ဖတ်သူမြင်ရမယ့် အကြောင်းအရာ <body>
ခေါင်းစဉ်၊ စာပိုဒ်၊ link နဲ့ တခြား content တွေကို </head> ပြီးတဲ့နောက် <body> အထဲမှာ ထည့်ပါ။
ဖုန်းပေါ်မှာ စာမျက်နှာအကျယ် သတ်မှတ်ခြင်း
Viewport ဆိုတာ browser ထဲမှာ စာမျက်နှာပြတဲ့ မြင်ကွင်းပါ။ ဖုန်း browser က တစ်ခါတလေ ဖုန်းမျက်နှာပြင်ထက် ပိုကျယ်သလို တွက်ပြီး စာမျက်နှာကို စီတတ်ပါတယ်။ width=device-width က စာမျက်နှာစီတဲ့အခါ ဖုန်းမြင်ကွင်းအကျယ်ကို သုံးစေပြီး initial-scale=1 က စဖွင့်ချိန် zoom ကို သတ်မှတ်ပါတယ်။
စမ်းသပ်နည်း ရှိပြီးသား <head> အထဲက charset စာကြောင်းအောက်မှာ ဒီလိုင်းကို ထည့်ပါ။
<meta name="viewport" content="width=device-width, initial-scale=1">
စမ်းကြည့်ရင် ဘာဖြစ်မလဲ နှုတ်ဆက်စာက အတိုင်းပဲ မြင်ရပါမယ်။ ဖုန်းနဲ့ ဖွင့်ရင် browser က ဖုန်းအကျယ်ကို အခြေခံပြီး စာမျက်နှာကို စီနိုင်ပါတယ်။ Responsive Layout သင်ခန်းစာမှာ ထပ်စမ်းနိုင်ပါတယ်။