Local Repository ချိတ်ပြီး GitHub ပေါ် Push လုပ်ခြင်း
GitHub မှာ ခုနကဆောက်ထားတဲ့ repository အလွတ်ကို သုံးပါ။ ကိုယ့်စက်က project-notes folder ထဲမှာ main branch ပေါ် ရှိပြီး အနည်းဆုံး commit တစ်ခု သိမ်းထားတဲ့ အခြေအနေကနေ စပါ။
ဒီစာမျက်နှာမှာ
Remote URL ချိတ်ခြင်း
GitHub ကနေ repository ရဲ့ HTTPS URL ကို ကူးပါ။ OWNER နေရာမှာ ကိုယ့် account ဒါမှမဟုတ် organization နာမည် ထည့်ပါ။ git remote -v နဲ့ အရင် စစ်ပါ။ origin ရှိပြီးသားဆို ဘယ် repository ကို ညွှန်းထားလဲ ကြည့်ပါ။ ဒီ repository ကိုပဲ ညွှန်းစေချင်မှ git remote set-url origin နောက်မှာ URL အသစ် ထည့်ပြီး ပြောင်းပါ။
git remote -v
git remote add origin https://github.com/OWNER/project-notes.git
git remote -v
Authenticate လုပ်ပြီး main ကို Push တင်ခြင်း
Local main ကို push လုပ်ပြီး origin/main နဲ့ ချိတ်မှတ်ထားပါ။ HTTPS သုံးရင် Git Credential Manager က Browser မှာ sign in လုပ်ဖို့ ဖွင့်ပေးနိုင်ပါတယ်။ Password တောင်းတဲ့အခါ လိုအပ်ရင် personal access token သုံးနိုင်ပါတယ်။ SSH URL သုံးရင် public key ကို GitHub မှာ ထည့်ပြီး private key ကို ကိုယ့်စက်ထဲမှာပဲ ထားပါ။ Push ပြီးရင် Code tab ကို refresh လုပ်ပြီး commit တင်ထားတဲ့ဖိုင်တွေကို ကြည့်ပါ။
git push -u origin main
git status -sb