Queries၊ Joins နဲ့ Groups

PostgreSQL 19.0

Setup မှာ ဆောက်ထားတဲ့ students၊ courses နဲ့ enrollments tables ကို သုံးပါ။ Query တစ်ခုချင်းစီကို သီးသန့် run ပြီး ရလဒ် ဘယ်လိုကွာလဲ ကြည့်ပါ။

ဒီစာမျက်နှာမှာ

WHERE နဲ့ Row စစ်ခြင်း

WHERE က သတ်မှတ်ချက်နဲ့ကိုက်တဲ့ row တွေကို ရွေးတယ်။ ဒီနမူနာက သင်တန်းကြေး 25.00 နဲ့အထက် course တွေကို ရွေးလို့ SQL Basics နဲ့ Web Development ကို ရမယ်။

SELECT title, fee
FROM courses
WHERE fee >= 25.00
ORDER BY id;

ORDER BY နဲ့ အစဉ်လိုက်စီခြင်း

DESC က သင်တန်းကြေး ပိုမြင့်တာကို အရင်ပြတယ်။ သင်တန်းကြေး တူရင် id ASC က ID ပိုငယ်တာကို အရင်ပြတယ်။

SELECT title, fee
FROM courses
ORDER BY fee DESC, id ASC;

LIMIT နဲ့ ပထမ Row ထုတ်ခြင်း

LIMIT 1 က အများဆုံး တစ်ကြောင်းပဲ ထုတ်တယ်။ ORDER BY ပါလို့ ဘယ် row အရင်လာမလဲ သိနိုင်တယ်။ ဒီနမူနာမှာ SQL Basics အရင်လာတယ်။

SELECT title, fee
FROM courses
ORDER BY fee DESC, id ASC
LIMIT 1;

GROUP BY နဲ့ စာရင်းသွင်းသူ ရေတွက်ခြင်း

WHERE က row တစ်ကြောင်းချင်းစီကို စစ်ထုတ်ပေးပါတယ်။ သင်တန်းအလိုက် စာရင်းသွင်းသူဦးရေ တွက်ဖို့တော့ ရွေးထားတဲ့ row တွေကို သင်တန်းအလိုက် စုရပါတယ်။ GROUP BY က enrollments ထဲမှာရှိတဲ့ course_id တစ်မျိုးစီကို အုပ်စုတစ်ခုစီ ခွဲတယ်။ COUNT(*) က အုပ်စုတစ်ခုစီမှာ စာရင်းသွင်းထားတဲ့ student တွေကို ရေတွက်တယ်။

SELECT course_id, COUNT(*) AS student_count
FROM enrollments
GROUP BY course_id
ORDER BY course_id;

HAVING နဲ့ အုပ်စုရလဒ် စစ်ခြင်း

HAVING က အုပ်စုခွဲပြီးမှ အုပ်စုတစ်ခုချင်းရဲ့ count ကို စစ်တယ်။ ဒီ query က student နှစ်ယောက်နဲ့အထက် ရှိတဲ့ course တွေကို ရွေးတယ်။ WHERE ကတော့ အုပ်စုမခွဲခင် row တွေကို စစ်တယ်။

SELECT course_id, COUNT(*) AS student_count
FROM enrollments
GROUP BY course_id
HAVING COUNT(*) >= 2
ORDER BY course_id;

စာရင်းသွင်းသူ မရှိတဲ့ Course တွေပါ ပြခြင်း

သင်တန်း ID အလိုက် တွက်ထားတဲ့ လူဦးရေကို သင်တန်းနာမည်နဲ့ တွဲပြဖို့ courses နဲ့ enrollments ကို ချိတ်ဖတ်ရပါတယ်။ LEFT JOIN က course အားလုံးကို ပြတယ်။ COUNT(e.student_id) က ကိုက်ညီတဲ့ student တွေကို ရေတွက်ပြီး enrollment မရှိတဲ့ course ရဲ့ NULL ကို ကျော်တယ်။ ဒါကြောင့် Computer Fundamentals မှာ 0 ပြမယ်။ INNER JOIN သုံးရင် enrollment ကိုက်ညီတဲ့ course တွေပဲ ပြမယ်။

SELECT c.title, COUNT(e.student_id) AS student_count
FROM courses AS c
LEFT JOIN enrollments AS e ON e.course_id = c.id
GROUP BY c.id, c.title
ORDER BY student_count DESC, c.id;

တရားဝင် ကိုးကားချက်များ