အခြေခံ Selector နဲ့ Cascade
W3C CSS Snapshot 2026
Browser က element နဲ့ ကိုက်တဲ့ rule တွေကို အရင်ရှာပါတယ်။ ကိုက်တဲ့ rule တွေက property တစ်ခုတည်းကို သတ်မှတ်ရင် ဘယ်တန်ဖိုးကို သုံးမလဲ ရွေးပါတယ်။ Property တချို့မှာ parent ဆီက တန်ဖိုးကိုလည်း ဆက်ယူနိုင်ပါတယ်။
Code စမ်းလို့ရတဲ့ သင်ခန်းစာ ဖွင့်ရန်
ဒီစာမျက်နှာမှာ
Tag၊ Class၊ ID နဲ့ Element ရွေးခြင်း
Selector ဆိုတာ ဘယ် element တွေနဲ့ ကိုက်ရမလဲ ရေးထားတဲ့ ပုံစံပါ။ p က စာပိုဒ်တိုင်းကို ရွေးပါတယ်။ . နောက်မှာ class နာမည်ရေးရင် အဲဒီ class ပါတဲ့ element တွေကို ရွေးပါတယ်။ # နောက်မှာ id နာမည်ရေးရင် အဲဒီ id နဲ့ element ကို ရွေးပါတယ်။ ပြန်သုံးမယ့် style တွေအတွက် class သုံးလို့ရပါတယ်။
စမ်းသပ်နည်း ဒီနမူနာကို .html ဖိုင်အသစ်အဖြစ် သိမ်းပြီး browser နဲ့ ဖွင့်ပါ။ ပြင်ပြီးတိုင်း save နဲ့ reload လုပ်ပါ။
<!doctype html>
<html lang="en">
<head>
<meta charset="utf-8">
<meta name="viewport" content="width=device-width, initial-scale=1">
<title>Select elements by tag, class, or ID</title>
<style>
p { color: teal; }
.notice { font-weight: bold; }
#catalog-title { color: purple; }
</style>
</head>
<body>
<h1 id="catalog-title">Product catalog</h1>
<p class="notice">Your order is ready.</p>
<p>Your package is on the way.</p>
</body>
</html>
စမ်းကြည့်ရင် ဘာဖြစ်မလဲ စာပိုဒ်နှစ်ခုလုံး စိမ်းပြာရောင်၊ ပထမစာပိုဒ် စာလုံးထူ၊ ခေါင်းစဉ် ခရမ်းရောင် ဖြစ်ပါမယ်။
Element တစ်ခုအတွင်းက Element ကို ရွေးခြင်း
Selector နှစ်ခုကြားမှာ space ခြားရင် ညာဘက်က element ဟာ ဘယ်ဘက်က selector နဲ့ ကိုက်တဲ့ element အတွင်း တစ်နေရာရာမှာ ရှိရပါတယ်။ > သင်္ကေတ သုံးရင် တိုက်ရိုက် child ကိုပဲ ရွေးပါတယ်။
စမ်းသပ်နည်း ဒီနမူနာကို .html ဖိုင်အသစ်အဖြစ် သိမ်းပြီး browser နဲ့ ဖွင့်ပါ။ ပြင်ပြီးတိုင်း save နဲ့ reload လုပ်ပါ။
<!doctype html>
<html lang="en">
<head>
<meta charset="utf-8">
<meta name="viewport" content="width=device-width, initial-scale=1">
<title>Select an element inside another element</title>
<style>
.card p { color: blue; }
</style>
</head>
<body>
<div class="card"><p>Your order is ready.</p></div>
<p>Your package is on the way.</p>
</body>
</html>
စမ်းကြည့်ရင် ဘာဖြစ်မလဲ Card ထဲက စာပိုဒ်ဖြစ်တဲ့ “Your order is ready.” တစ်ကြောင်းပဲ အပြာရောင် ဖြစ်ပါမယ်။
Cascade က တန်ဖိုး ဘယ်လိုရွေးလဲ။
Cascade ဆိုတာ သတ်မှတ်ချက်တွေ တိုက်နေတဲ့အခါ ဘယ်တန်ဖိုးသုံးမလဲ browser က ဆုံးဖြတ်တဲ့ အစီအစဉ်ပါ။ ဒီနမူနာမှာ selector တူ၊ property တူပြီး တခြားဦးစားပေးမှုတွေ တူနေလို့ နောက်မှရေးထားတဲ့ color ကို သုံးပါတယ်။ ဒုတိယ rule မှာ border မသတ်မှတ်ထားလို့ ပထမ rule ရဲ့ border ကို ဆက်သုံးပါတယ်။
စမ်းသပ်နည်း ဒီနမူနာကို .html ဖိုင်အသစ်အဖြစ် သိမ်းပြီး browser နဲ့ ဖွင့်ပါ။ ပြင်ပြီးတိုင်း save နဲ့ reload လုပ်ပါ။
<!doctype html>
<html lang="en">
<head>
<meta charset="utf-8">
<meta name="viewport" content="width=device-width, initial-scale=1">
<title>How does the cascade choose?</title>
<style>
.notice { color: teal; border: 1px solid; }
.notice { color: purple; }
</style>
</head>
<body>
<p class="notice">Your order is ready.</p>
<p>Your package is on the way.</p>
</body>
</html>
စမ်းကြည့်ရင် ဘာဖြစ်မလဲ ပထမစာကြောင်းက ခရမ်းရောင်ဖြစ်ပြီး အနားသတ် ဆက်ရှိပါမယ်။ Rule နှစ်ခု ရှေ့နောက် လဲကြည့်ရင် စိမ်းပြာရောင် ပြောင်းပါမယ်။
Specificity ဆိုတာ ဘာလဲ။
Specificity က အထက်အဆင့် ဦးစားပေးမှုတွေ တူတဲ့အခါ ကိုက်နေတဲ့ selector တွေကို နှိုင်းတာပါ။ ID selector က class selector ထက် ဦးစားပိုရပြီး class selector က p လို tag နာမည်နဲ့ ရွေးတာထက် ဦးစားပိုရပါတယ်။ ဦးစားပေးမှုနဲ့ specificity တူရင် ရေးထားတဲ့ အစီအစဉ်ကို ကြည့်ပါတယ်။
စမ်းသပ်နည်း ဒီနမူနာကို .html ဖိုင်အသစ်အဖြစ် သိမ်းပြီး browser နဲ့ ဖွင့်ပါ။ ပြင်ပြီးတိုင်း save နဲ့ reload လုပ်ပါ။
<!doctype html>
<html lang="en">
<head>
<meta charset="utf-8">
<meta name="viewport" content="width=device-width, initial-scale=1">
<title>Which selector has greater specificity?</title>
<style>
.notice { color: purple; }
p { color: teal; }
</style>
</head>
<body>
<p class="notice">Your order is ready.</p>
<p>Your package is on the way.</p>
</body>
</html>
စမ်းကြည့်ရင် ဘာဖြစ်မလဲ p rule ကို နောက်မှ ရေးထားပေမယ့် ပထမစာပိုဒ်က ခရမ်းရောင် ဖြစ်ပါမယ်။ ဒုတိယစာပိုဒ်က စိမ်းပြာရောင် ဖြစ်ပါမယ်။
Inheritance ဘယ်လိုအလုပ်လုပ်လဲ။
Inheritance ဆိုတာ element တစ်ခုက parent ရဲ့ တွက်ပြီးသား property တန်ဖိုးကို ဆက်ယူတာပါ။ color လို property က ပုံမှန်အားဖြင့် ဆက်ယူပါတယ်။ border ကတော့ parent တစ်ကွက်၊ child တစ်ကွက် သီးသန့်ရှိလို့ ပုံမှန်အားဖြင့် ဆက်မယူပါဘူး။
စမ်းသပ်နည်း ဒီနမူနာကို .html ဖိုင်အသစ်အဖြစ် သိမ်းပြီး browser နဲ့ ဖွင့်ပါ။ ပြင်ပြီးတိုင်း save နဲ့ reload လုပ်ပါ။
<!doctype html>
<html lang="en">
<head>
<meta charset="utf-8">
<meta name="viewport" content="width=device-width, initial-scale=1">
<title>How does inheritance work?</title>
<style>
.orders { color: teal; border: 2px solid; }
.notice { color: purple; }
</style>
</head>
<body>
<div class="orders">
<p class="notice">Your order is ready.</p>
<p>Your package is on the way.</p>
</div>
</body>
</html>
စမ်းကြည့်ရင် ဘာဖြစ်မလဲ အပြင်အကွက်မှာ အနားသတ်တစ်ခု ပေါ်ပါတယ်။ “Your order is ready” က ခရမ်းရောင်၊ “Your package is on the way” က parent ဆီက စိမ်းပြာရောင် ရပါမယ်။